ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်လာစျေး၊ ရွှေစျေး စံချိန်တင် မြင့်တက်
စစ်အာဏာသိမ်းပြီးနောက် မြန်မာငွေ တန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး စျေးကွက်ထဲမှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂၈၀၀ ကျပ် ပတ်ဝန်းကျင် စျေးနှုန်းရှိနေပါတယ်။
ဒါ့အပြင် စျေးကွက်ထဲမှာ ဒေါ်လာ ရှားပါးမှုကြောင့် မြန်မာနိုင်ငံက သွင်းကုန်လုပ်ငန်းရှင်တွေဟာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကျပ်ငွေ တန်ဖိုး ကျဆင်းမှု အကျိုးဆက် အဖြစ် စက်သုံးဆီ စျေးနှုန်း၊ ရွှေစျေးနှုန်းတွေကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် အခြေခံ ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေ ပိုတက်လာနိုင်ပြီး အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။ မရီရီအောင်က ဆက်ပြောပြပေးမှာပါ။