ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မီးရှို့မှု၊ သတ်ဖြတ်မှုနဲ့ မုဒိန်းမှုတွေ အကြောင်း စစ်သားဟောင်းတွေ ဝန်ခံ
ရေးသားခဲ့သည်။
စစ်တပ်ကနေ ထွက်ပြေးလာကြတဲ့ စစ်သား ၆ယောက်ဟာ အထက်က အမိန့်ပေး ညွှန်ကြားမှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ရတယ်လို့ ဘီဘီစီကို ဝန်ခံပြောကြားခဲ့ကြပါတယ်။
အရပ်သားတွေရဲ့ လက်နက်ကိုင် တော်လှန်မှုတွေကို ချေမှုန်းဖို့ ကြိုးစားခဲ့စဥ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လူသတ်မှု၊ မုဒိန်းမှုနဲ့ ရွာမီးရှို့မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘီဘီစီ အာရှာရေးရာ အယ်ဒီတာ ရေဘက္ကာ ဟန်းရှ်ကီးရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပုံရိပ်တွေ ပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။