ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ပွဲဒဏ်ရာတွေနဲ့ ပူဆွေးနေရတဲ့ ရုရှား စစ်သားမိခင်
ရေးသားခဲ့သည်။
ယူကရိန်းကို ရုရှားက ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်မှာ ထောင်နဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ရသလို၊ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာလည်း သူတို့နေထိုင်ရာ အိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ရုရှားမှာလည်း စစ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေရပါတယ်။ အထူးသဖြင့် စစ်သားတွေရဲ့ မိသားစုဝင်တွေဟာ စစ်ရဲ့ ဒဏ်ကို ခံစားနေရပါတယ်။ ယူကရိန်းမှာ သားဖြစ်သူ ပျောက်ဆုံးနေလို့ ပူဆွေးသောက ရောက်နေတဲ့ ရုရှား စစ်သား ရဲ့ မိခင်ကို ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘဂ်က မေးမြန်းထားပါတယ်။ ကိုမိုးမြင့်က ပြောပြပေးမှာပါ။