ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်နှစ်ဖက်လုံး အစားထိုးကုသမှု ခံယူသူ၊ ခွဲစိတ်ပြီးတဲ့ အခါ နာကျင်မှုတွေ သက်သာ
ရေးသားခဲ့သည်။
ကမ္ဘာ့ပထမဆုံး လက်နှစ်ဖက် အစားထိုးကုသမှုလို့ ယူဆရတဲ့ ကုသမှုအဖြစ် ကိုယ်ခံအားဆိုင်ရာ autoimmune ရောဂါ တမျိုးကြောင့် လက်တွေကို အသုံးမပြုနိုင်တဲ့ အမျိုးသား တစ်ယောက် လက်နှစ်ဘက်လုံး အစားထိုးကုသမှု ခံယူခဲ့ ပါတယ်။
အသက် ၄၈ နှစ် အရွယ် စတီဗင် ဂဲလ်လက်ဂါ ဟာ အရေပြားနဲ့ ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်စေတဲ့ scleroderma ရောဂါ ရှိသူဖြစ်ပြီး ဆိုးဆိုးရွားရွား နာကျင်မှု ခံစားနေရတယ်လို့ သူက ပြောပါတယ်။
အခုတော့ သူ နာကျင်မှုတွေ မခံစားရတော့ပါဘူး။
ဒီအကြောင်း မသီဒါနွယ် ပြောပြပေးပါမယ်။