ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယနဲ့ ပါကစ္စတန်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်း အဆ ၁၀၀ ပိုတိုးနိုင်
ရေးသားခဲ့သည်။
အိန္ဒိယအနောက်မြောက်ပိုင်းနဲ့ ပါကစ္စတန်တို့မှာ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းကျရောက်မှု အဆ ၁၀၀ ပိုတိုးလာနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသလေ့လာချက်တွေ အရ သိရပါတယ်။
မူလခန့်မှန်းချက်အရ အခုကျရောက်နေတဲ့ အပူလှိုင်းမျိုးဟာ နှစ် ၃၀၀ မှ ၁ ခါသာကျရောက်ဖို့ရှိပေမဲ့ အခုတော့ သုံးနှစ်မှာ ၁ ခါလောက် ကျရောက်နေပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယမှာ မကြာသေးခင်က ခံစားကြရတဲ့ အပူလှိုင်းအကြောင်း တောင်အာရှ သတင်းထောက် ယောဂီတာ လီမေ ရဲ့ သတင်းကို မသီဒါနွယ် ပြောပြပေးပါမယ်။