ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တက္ကဆက်က ကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် သေနတ်ထိန်းချုပ်ရေး ဆွေးနွေးစရာဖြစ်လာပြန်
ရေးသားခဲ့သည်။
ယူဗားလ်ဒီ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမေရိကန်မှာ သေနတ် ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အခြေအတင်ပြောဆိုမှုတွေ တဖန် ပြန်ဖြစ်လာပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာ အခွင့်အရေး ဖြစ်တဲ့ သေနတ်ကိုင်ဆောင်ခွင့် ကိစ္စက နက်နက်နဲနဲ သဘောထားကွဲလွဲနေပါတယ်။
ဘီဘီစီ သတင်းထောက် John Sudworth ပေးပို့တဲ့ သတင်းကို ကိုမင်းထက် ပြောပြပေးပါမယ်။