သေ့ဘောပိုးရွာနားက စခန်းတစ်ခုကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းယူလိုက်နိုင တယ်လို့ ဆို

ရေးသားခဲ့သည်။

စစ်ကောင်စီသိမ်းပိုက်ထားတဲ့ မူလက KNU ပိုင် တပ်စခန်းတချို့ကို ပြီးခဲ့တဲ့လက စလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA က ပြန်လည်သိမ်းယူခဲ့နိုင်ခဲ့ပါတယ်။

မေလ ၁၈ ရက် ကလည်း KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ သေ့ဘောဘိုး ကျေးရွာနားက စစ်ကောင်စီ စခန်းချနေတဲ့ နောက်ထပ် တပ်စခန်းတစ်ခုကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းယူလိုက်နိုင်တယ်လို့ ကေအန်ယူ ဘက်က ပြောပါတယ်။

ကရင်ပြည်နယ်တွင်းက စစ်ရေး အခြေအနေတွေကို ကိုတင်အောင်ကျော်က ပြောပြပေးပါမယ်။