မာရီယူပိုလ်းနဲ့ ခါကိဗ် မြို့ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံတဝန်းက မြို့တွေ အခြေခံအဆောက်အအုံတွေကို ရုရှားက လက်ကလွတ်စပယ် ဆက်လက် ဗုံးကြဲလိမ့်မယ်လို့ ယူကရိန်းစစ်တပ်က သတိပေးပါတယ်။

တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုလ်းနဲ့ အရှေ့ပိုင်းက ခါကိဗ် မြို့ဝန်းကျင်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

ကိယက်ဗ်မြို့တော်မှာ လူနေရပ်ကွက်တွေ ကိုရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၈ ယောက် သေဆုံးခဲ့ပြီးနောက် ကာဖျူးအမိန့် ထပ်ထုတ်ထားပါတယ်။

ဘီဘီစီ သတင်းထောက် အော်လာဂူရင် ပေးပို့တဲ့ သတင်းကို မသီဒါနွယ် ပြောပြပေးပါမယ်။