ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံအထူးကိုယ်စားလှယ် ဒေါ်စုစုလွင်နဲ့တွေ့တာ NLD ကို ကိုယ်စားပြုလား
ရေးသားခဲ့သည်။
ဒီကနေ့ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ အာဆီယံ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် အထူးသံတမန်က သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှုဆောင် ဒေါ်စုစုလွင်နဲ့ရော နိုင်ငံရေးပါတီ တချို့က ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့လည်းရှိတယ်လို့ သိရပါတယ်။
အာဆီယံ သံတမန်ခရီးစဉ်မှာ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံတာက NLD ကို ကိုယ်စားပြုပါသလား။
အထူးသံတမန်ရဲ့ ခရီးစဉ်က မြန်မာ့နိုင်ငံရေးကို ဘယ်လောက် အကျိုးသက်ရောက်နိုင်မှာပါလဲ။
ကိုဟိန်းကိုစိုး ပြောပြမှာပါ။