ရွာထဲမှာ အလောင်းတွေ မီးလောင်ထားတဲ့ နေအိမ်တွေနဲ့ ပစ္စည်းတွေ ဒေသခံတွေတွေ့

ရေးသားခဲ့သည်။

စစ်ကောင်စီ တပ်တွေ သုံးရက်ကြာ ဝင်ရောက်တပ်စွဲထားတဲ့ ယင်းမာပင်မြို့နယ် ချင်းပုန်းရွာမှာ မူကြိုကလေးတွေအပါအဝင် ဖမ်းဆီးခံရသူတွေ ဒီကနေ့ ပြန်လွတ်လာကြပါတယ်။

စစ်သားတွေထွက်သွားလို့ ကျန်ခဲ့တဲ့ ရွာထဲမှာ ရုပ်အလောင်းတွေနဲ့ မီးလောင် ထားတဲ့ နေအိမ်တွေ ဆိုင်ကယ်တွေ ကားတွေ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီက နောက်ဆုံး အခြေအနေ တွေကို မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။