သောကြာနဲ့ စနေ အစား စနေနဲ့ တနင်္ဂနွေကို ပြောင်း

ရေးသားခဲ့သည်။

ယူအေအီး အာရပ်စော်ဘွားများ ပြည်ထောင်စုက သီတင်းပတ်ကုန် အားလပ်ရက်ကို သောကြာနဲ့ စနေ အစား စနေနဲ့ တနင်္ဂနွေကို ပြီးခဲ့တဲ့လက ပြောင်းလိုက်ပါတယ်။

အနောက်နိုင်ငံတွေက ခရစ်ယာန် အသိုင်းအဝိုင်းအတွက် တနင်္ဂနွေနေ့အားလပ်ရက်လိုပဲ မွတ်ဆလင်တွေက သောကြာနေ့မှာ ဝတ်ပြုကြ၊ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ကြပါတယ်။

အာရပ်နိုင်ငံအတော်များများက အလုပ်လုပ်ရက်ကို တနင်္ဂနွေကနေ ကြာသပတေး အထိ သတ်မှတ်ကြပါတယ်။

သီတင်းပတ်ကုန် အားလပ်ရက်ကို သောကြာနဲ့ စနေ အစား စနေနဲ့ တနင်္ဂနွေကို ပြီးခဲ့တဲ့လက ပြောင်းလိုက်တော့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဆွဲဆောင်နိုင်မှာလား၊

ဘီဘီစီ အရှေ့အလယ်ပိုင်း စီးပွားရေးရာ သတင်းထောက် Sameer Hashmi ရဲ့ သတင်းလွှာကို ကိုရင်မောင် ပြောပြပေးပါမယ်။