ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သန္တာကျောက်တွေ ကို ဘယ်လို ထိန်းသိမ်းနေလဲ
ရေးသားခဲ့သည်။
မောရစ်သျှနိုင်ငံက သန္တာကျောက်တန်းတွေဟာ အခု ရာစုနှစ်ကုန်မှာ ပျောက်ကွယ်သွားနိုင်ခြေ ရှိတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောနေပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် ပင်လယ်ရေပြင် အပူချိန်မြင့်တက်မှုက သန္တာကျောက်တွေကို အရောင်ပြယ်စေပြီး အတော်များများကို ပျက်စီးစေပါတယ်။
ဒီသန္တာကျောက်တွေကို ကယ်ဆယ်နိုင်ရေးအတွက် မောရစ်သျှ နိုင်ငံက ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာ ဘီဘီစီ သတင်းထောက် နော်ရာ ဖာကင်မ် က ကိုယ်တိုင်သွားကြည့်ပြီး သတင်းပေးပို့ထားတာကို မစန္ဒာဝင်း ပြောပြပေးပါမယ်။