ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေ
ရေးသားခဲ့သည်။
အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေရာမှာ ဒီကနေ့ မနက်ပိုင်းက မြောက်ဥက္ကလာ ရွှေပေါက်ကံမြို့သစ်နဲ့ လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်နား တွေမှာ ပစ်ခတ်တာတွေ ဖြစ်ခဲ့ ပါတယ်။
ဒေါပုံ မှာလည်း စစ်ကောင်စီ သတင်းပေးလို့ နာမည်ကြီးတဲ့ အမျိုးသမီး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်မှာဖြစ်နေတဲ့ ပစ်ခတ်ပေါက်ကွဲမှုနဲ့ သေဆုံးမှု အခြေအနေတွေကို မအိမမမွန်က စုစည်းပြောပြပေးပါမယ်။