ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူဆယ်မှာ ကိုဗစ် ကုသရေး စင်တာဆောက်မယ်
ရေးသားခဲ့သည်။
တရုတ်မြန်မာ နယ်စပ် ကုန်သွယ်မူ့ရဲ့အကြီးဆုံးဇုန်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံကြီးမှာ ကုတင် ၁၀၀၀ ကိုဗစ်နိုင်တင်း ကာကွယ် ကုသရေးစင်တာကြီး တည်ဆောက်ဖို့ ဆောင် ရွက်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကုတင် ၁၀၀၀ ဆန့် ကိုဗစ်ကုသရေးစင်တာကြီးက ဘယ်တော့လောက် အပြီးတည်ဆောက်မှာပါလဲ။
ဒီစင်တာကြီးပြီးတဲ့အခါ ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည် စတင်နိုင်မှာပါလား ဆိုတာ ဘီဘီစီသတင်းထောက် ကိုအောင်သူရက ပြောပြပေးမှာပါ။