ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်လူနာတွေ များလာလို့ အောက်ဆီဂျင် အရေးတကြီးလိုသူတွေ များသထက်များနေ
ရေးသားခဲ့သည်။
လာမယ့်သီတင်းပတ်ကို အများပြည်သူရုံးပိတ်ရက်သီတင်းပတ်အဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး တနိုင်ငံလုံးကို နေအိမ်ထဲမှာပဲနေကြဖို့နဲ့ မလိုအပ်ဘဲအပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။
ဒီအမိန့်ဟာ အောက်ဆီဂျင် အရေးတကြီးရှာနေရ သူတွေ အခက်အခဲတွေဖြစ်နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။
အောက်ဆီဂျင်ရဖို့ တန်းစီနေကြတဲ့ လူတွေကလည်း လျော့သွားတယ်လို့မရှိဘဲ ဆက်လက်များပြားနေပါတယ်။
လတ်တလော ရန်ကုန်မြို့က အောက်ဆီဂျင်လိုအပ်ချက်ကြီးနေတဲ့ အကြောင်း မညိုလဲ့ရည် ပြောပြပေးပါမယ်။