ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ ကိုဗစ် လူနာတချို့ ကို ဆေးရုံတွေက လက်မခံလို့ ကုသခံဖို့ အခက်အခဲ ကြုံနေ
ရေးသားခဲ့သည်။
ကိုဗစ်တတိယ လှိုင်းဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ နေ့စဉ် ကူးစက်သူ ထောင်နဲ့ချီ ရှိလာနေပါပြီ။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သေဆုံးသူ အရေအတွက်ဟာလည်း သုံးရက်ဆက်တိုက် ငါးဆယ်ကျော် ရှိလာပါတယ်။
ဇူလိုင် ၈ ရက်နေ့ စစ်ဆေးမှုအရ ပိုးတွေ့သူ ဦးရေ လေးထောင်တစ်ရာကျော် ရှိပြီး အများဆုံးဖြစ်ပါတယ်။ သေဆုံးသူ ၅၁ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ဒီအခြေအနေမှာပဲ ကိုဗစ်လူနာ တချို့ ကို ဆေးရုံတွေက လက်မခံဘူးဆိုတဲ့ သတင်းတွေ ကလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။
ဒီအကြောင်း မညိုလဲ့ရည်ကပြောပြမှာပါ။