စွဲဆိုထားတဲ့ အမှု ၆ မှုထဲက တစ်မှုအတွက် ရုံးချိန်း

ရေးသားခဲ့သည်။

စစ်ကောင်စီက ပုဒ်မတွေတပ် တရားစွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းနေ့မှာ အင်တာနက် မရှိလို့ ရုံးမထုတ်ဖြစ်ခဲ့ပါဘူး။

ဒီကနေ့ရုံးချိန်းက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၆ မှုထဲက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (ဂ) နဲ့ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုပါ။

အမှုအတွက် ဥပဒေအကျိုးဆောင်လိုက်ပါ ဆောင်ရွက်ခွင့်ရဖို့ ကိစ္စ၊ ရှေ့နေက အမှုသည်နဲ့ ကိုယ်တိုင်တွေ့နိုင်ရေး စတဲ့ အခြေအနေတွေကရော ဘယ်လိုပါလဲ၊ မနှင်းမိုက ပြောပြပေးပါမယ်။