ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ဆို
ရေးသားခဲ့သည်။
ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံထဲကို လူတွေ ထောင်နဲ့ချီပြီး ထွက်ပြေးလာကြပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးလာနေချိန်မှာ အခုလို တိုက်ခိုက်တာ ဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူ အများစုက နိုင်ငံလူဦးရေရဲ့ ခုနှစ် ရာခိုင်နှုန်းလောက် ရှိတဲ့ ကရင်တိုင်းရင်းသားတွေပါ။
ကရင်တိုင်းရင်းသားတွေ အဓိက နေထိုင်တဲ့ ထိုင်းမြန်မာ နယ်စပ်ကနေ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက် ပေးပို့တဲ့ သတင်းကို ကိုထွေးက ပြောပြပေးပါမယ်။