ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆန္ဒပြသူတွေ မဟုတ်လည်း ပစ်တယ်လို့ဆို
ရေးသားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီက မာရှယ်လော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ခြောက်မြို့နယ်မှာ ပစ်ခတ်နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။
အခု စစ်အုပ်ချုပ်ရေး ချမှတ်ခံထားရတဲ့ လှိုင်သာယာမှာ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းခဲ့မှုကြောင့် မတ်လ ၁၄ ရက် တစ်ရက်တည်းမှာတင်လူ ၁၀၀ ယောက်သေဆုံးခဲ့ဖွယ် ရှိတယ်လို့ မျက်မြင်တွေ့သူက ဘီဘီစီကို ပြောပါတယ်။
လှိုင်သာယာမှာ အဲဒီနေ့က ပစ်ခတ်ဖြိုခွင်းမှုကို ကိုယ်တိုင် မြင်ခဲ့ရသူ တစ်ယောက်က သူမျက်မြင် တွေ့ခဲ့ရသမျှ ဘီဘီစီကို အခုလို ပြောပြပါတယ်။
သူ့ရဲ့ လုံခြုံရေးအတွက် မျက်နှာကို ဖုံးကွယ် ထားတယ်ဆိုတာ ကြိုတင်အသိပေးအပ်ပါတယ်။