ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းမှာ ဖမ်းထားသူ ၅၀၀ လောက် ရှိတယ်လို့ဆို
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ရင်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူဟာ အခုချိန်ထိဆိုရင် ၁၁၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းမီဒီယာမှာတော့ ရန်ကုန်၊ မန္တလေးအပါအဝင် ဒေသအချို့က အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၅၀၀ ခန့် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်တစ်ခုထဲမှာပဲ ဆန္ဒထုတ်ဖော်သူ ၃၀၀ ကျော်ကိုဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဖော်ပြပါတယ်။
အဲဒီသူတွေထဲက အများစုကိုအင်းစိန် ထောင်မှာထားထားတာပါ။ ဥပဒေအရဆိုရင် လူတစ်ဦးကို ၂၄ နာရီထက်ပိုပြီးဖမ်းချုပ်ထိန်းသိမ်းခွင့်မရှိပါဘူး။
ဒါ့ကြောင့်ပဲ မိသားစုဝင်တွေက ဖမ်းဆီးခံရသူတွေပြန်လွတ်နိုးနဲ့ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။
အပြည့်အစုံကို မညိုလဲ့ရည်ကပြောပြပေးမှာပါ။