ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ ပထမဆုံးအကြိမ် ရုံးထုတ်
ရေးသားခဲ့သည်။
အာဏာသိမ်းအစိုးရက တရားစွဲဆိုထားတဲ့ သမ္မတနဲ့အတိုင်ပင်ခံတို့ကို ဒီနေ့ မှာ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေပဒ်မ ၂၅ ၊ သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ်စီမံမှုပုဒ်မ ၂၅ တို့နဲ့ တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ထပ်ပုဒ်မ တစ်ခုနဲ့ ထပ်တိုးတရားစွဲလိုက်တာလည်းဖြစ်ပါတယ်။ အကြောင်းစုံကို ၎င်းတို့ရှေ့နေ ဦးခင်မောင်ဇော်ကို ကိုအောင်သူရက ဆက်သွယ်မေးမြန်းထားပါတယ်။