ဖေဖော်ဝါရီ ၁၆ ရက် မြန်မာနိုင်ငံတဝန်းက ဆန္ဒပြပွဲများ

ရေးသားခဲ့သည်။

ဖေဖော်ဝါရီလ ၁၆ ရက်မှာ မြန်မာနိုင်ငံမှာ ရန်ကုန် အပါအဝင် ဒေသ တော်တော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိပေမယ့် ဧရာဝတီတိုင်း မြောင်းမြမှာတော့ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးတွေသုံးပြီးဖြိုခွဲခဲ့ပါတယ်။

ကျောင်းဆရာ အပါအဝင် ဒေသခံ(၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားလို့ ပြန်လွှတ်ပေးဖို့ အကျဥ်းထောင်ရှေ့မှာ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုကြတာပါ။ အဲဒီမှာ ဆန္ဒပြပြည်သူတွေကိုလုံခြုံရေးတပ်ဖွဲ့တွေက ရေကားနဲ့ဖြိုခွဲတာ၊ မျက်ရည်ယိုဗုံးတွေ၊ရာဘာကျဉ်နဲ့ ပစ်ခတ်လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုဖြိုခွဲတာကြောင့် ဆန္ဒပြပြည်သူ(၁၀)ဦးလောက် ထိခိုက်ဒဏ်ရခဲ့ပါတယ်။ဘယ်လိုတွေဖြစ်ခဲ့သလဲဆိုတာ မညိုလဲ့ရီက ပြောပြပေးမှာပါ။