ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
CDM မှာ ပါဝင်တဲ့ဝန်ထမ်းတွေကို ကူညီဖို့ စတင် လုပ်ဆောင်နေတယ်လို့ ဒယ်အိုးဆရာတော် မိန့်
ရေးသားခဲ့သည်။
လူထု အာခံမှု CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် နေရေး စားရေး အခက်အခဲ ဖြစ်လာတဲ့အခါ ကူညီ ပေးဖို့ ရည်ရွယ်ပြီး နယ်ပေါင်းစုံက စေတနာရှင် အလှူရှင်တွေဟာ အဖွဲ့တွေဖွဲ့ပြီး ကူညီဖို့ ကြိုးစားနေပါတယ်။
ဒယ်အိုးဆရာတော် ဉူးသုမင်္ဂလ၊ နာရေးကူညီမှုအသင်း၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အဆိုတော်လင်းလင်းတို့ ဦးဆောင်ပြီး ခိုင်မြဲသောလက်များ အမည်ရှိတဲ့ အဖွဲ့ကိုဖွဲ့ပြီး CDM မှာပါဝင်တဲ့ဝန်ထမ်းတွေကို ကူညီဖို့ စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဆရာတော် ဥူးသုမင်္ဂလ ကို ဘီဘီစီ သတင်းထောက် မအိမ့်ခိုင်ဦးက အခြေအနေတွေ ကို ဆက်သွယ် လျှောက်ထားမေးမြန်းထားပါတယ်