ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရဲပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ဆံ ထိမှန်ခဲ့သူရဲ့ အခြေအနေ
ရေးသားခဲ့သည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်က ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဦးခေါင်း ကျည်ဆန်ထိမှန်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ မမြသွဲ့သွဲ့ခိုင်ရဲ့ အခြေအနေဟာ ပြန်ကောင်းလာဖို့ မျှော်လင့်ချက်နည်းတယ်လို့ သူ့ရဲ့ အမဖြစ်သူက ပြောပါတယ်။
မမြသွဲ့သွဲ့ခိုင်ဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းချိန်အတွင်း ဆန္ဒပြလူအုပ်ထဲမှာ ရှိနေတာ မဟုတ်ပဲ အဝေးကနေ ကြည့်နေတာ ဖြစ်တယ်လို့ အစ်မဖြစ်သူ မမြသတိုးနွယ်က ဒီကနေ့မှာ မီဒီယာသမားတွေကို အခုလို ဖြေကြားခဲ့ပါတယ်။
ဒီဗီဒီယိုမှာ စိတ်ထိခိုက်စရာ မြင်ကွင်းတချို့ ပါဝင်တာကို ကြိတင်အသိပေးအပ်ပါတယ်။