အိမ်ပြန်ဖို့ ဖိအားပေးခံရတဲ့ကြားက စည်ပင်ရိပ်သာမှာ အမတ်တွေ လွှတ်တော်ခေါ်

ရေးသားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲနိုင်ပြီး လွှတ်တော်တက်ဖို့ နေပြည်တော်ရောက်နေတဲ့ အမတ်တွေက ဒီကနေ့ မနက်ပိုင်းက လွှတ်တော်ခေါ်ယူပြီး ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် ဆက်လက် ရပ်တည် နေတဲ့အကြောင်း ကတိသစ္စာပြု ခဲ့ကြပါတယ်။

လွှတ်တော် အမတ်တွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ဖို့ ရှိတဲ့ လွှတ်တော်မတက်ရဘဲ စည်ပင်ဧည့်ရိပ်သာမှာ အကျယ်ချုပ်သဘောမျိုး ထိန်းချုပ်ခံခဲ့ရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သူတို့နေတဲ့ စည်ပင်ရိပ်သာကနေ ပြန်ကြဖို့ ဖိအားပေးခံရပေမဲ့ တချို့က မပြန်ဘဲ ဆက်နေနေကြတာပါ။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကိုနန္ဒက ပြောပြမှာပါ။