ဝူဟန်က မြေပြင် အခြေအနေနဲ့ တရုတ်အစိုးရထုတ်ပြန်ချက် ဘာတွေကွာလဲ

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကမ္ဘာမှာ ပထမဆုံး အနေနဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လော့ဒေါင်း ချခဲ့တာ တစ်နှစ်ကျော်ပါပြီ။

အဲဒီတုန်းက ဗိုင်းရပ်စ်ပြန့်တာ သီတင်းပတ်အတန်ကြာပဲ ရှိခဲ့ပါသေးတယ်။

တရုတ်အစိုးရကလည်း အခြေအနေတွေ ထိန်းသိမ်းနိုင်တယ်လို့ အခိုင်အမာ ပြောနေခဲ့တာပါ။

တကယ်တမ်း မြေပြင်မှာ လက်တွေ့ဖြစ်ခဲ့တာနဲ့ တရုတ်အရာရှိတွေ၊ သိပ္ပံပညာရှင်တွေ သိရှိခဲ့တာတွေကြား ကွာဟချက်တွေ၊ ကမ္ဘာကို ဘယ်လို ပြောခဲ့တယ် ဆိုတာတွေကို PBS Frontline နဲ့ ပူးတွဲထုတ်ပြန်တဲ့ ဘီဘီစီ သတင်းမှတ်တမ်းမှာ ဖော်ထုတ်ခဲ့ပါတယ်။

Caroline Hawley ရဲ့ သတင်းလွှာကို မသီဒါနွယ်ပြောပြပေးပါမယ်။