ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ထိုးနှံပေးနေပါပြီ။
အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို ပထမဦးစားပေးအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ထိုးနှံ့ပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေး အရင်ဆုံး ထိုးနှံခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းက အခြေအနေကို ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ဘီဘီစီ သတင်းထောက် မညိုလဲ့ရည်က ပြောပြပေးမှာပါ။