ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ်ထရမ့်ကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှု စတင်
ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စုမှာ အရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ကို စွပ်စွဲပြစ်တင်မှုတွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ကွန်ဂရက်လွှတ်တော်ထဲက ဒီမိုကရက်တွေက မစ္စတာ ထရမ့်ဟာ လွှတ်တော်ထဲမှာ ဂျိုးဘိုင်ဒန်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း တရားဝင် အတည်ပြုပေးမယ့်နေ့မှာပဲ ကက်ပီတယ်လ် အဆောက်အအုံကြီး စီးနင်းခံရမှု ဖြစ်စေအောင်လို့ သူ့ကို ထောက်ခံသူတွေကို သွေးထိုးလှုံ့ဆော်ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ကိုမိုးမြင့်က ဆက်ပြောပြမှာပါ။