ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စည်းချက်ညီတေးသွားသံ ထွက်အောင် သစ်သားတုတ်သုံးပြီး ကြင်ဖော်ကို ဆွဲဆောင်တဲ့ငှက်
ရေးသားခဲ့သည်။
ကတ္တဝါ ငှက် တွေဟာ ဂီတသံလို စည်းချက်ညီတေးသွားသံ ထွက်အောင် သစ်သားတုတ်သုံးပြီး ကြင်ဖော်ကို ဆွဲဆောင်တဲ့ တစ်မျိုးတည်းသော ငှက်အမျိုးအစားဖြစ်တယ်လို့ ယူဆရပါတယ်။
သြစတြေးလျနိုင်ငံနဲ့ အိမ်နီးချင်း နယူးဂီနီမှာသာ တွေ့ရလေ့ရှိတဲ့ ဒီငှက်မျိုးစိတ်ဟာ အကောင်ရေ အကြီးအကျယ် လျော့ကျလာနေပြီလို့ သိပ္ပံပညာရှင်တွေက ပြောနေပါတယ်။
မသီဒါနွယ် ပြောပြပေးပါမယ်။