ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန် နိုင်ငံမှာ မိန်းကလေးတွေရဲ့ အနာဂတ်က မသေမချာ
အာဖဂန်နစ္စတန် နိုင်ငံမှာ မိန်းကလေးတွေရဲ့ အနာဂတ်က မသေမချာ ဖြစ်နေပြီး အတော်များများက ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာရနေကြပါတယ်။
ဒါပေမဲ့ အုပ်စုလေး တစ်စုကတော့ ဂီတ စွမ်းပကားနဲ့ စိတ်ဓာတ်ခွန်အားတွေ ရလာပြီး ဒီအခြေအနေတွေကို ကုစားခွင့် ရကြပါတယ်။
အရင်က လမ်းမတွေပေါ်မှာ စျေးရောင်းခဲ့ကြရတဲ့ မိန်းကလေးငယ်တွေက ဗြိတိသျှ အဆိုတော် ယူရစ်သ် မစ် Eurythmic ရဲ့ စုံတွဲသီချင်း Sweet Dreams ကိုပြန်ဆိုထားကြတဲ့ သီချင်း အခု ထွက်ပါတော့မယ်။
The Miraculous Love Kids လို့ ခေါ်တဲ့ ကာဘူးလ်အခြေစိုက် အဲဒီ ဂီတအဖွဲ့က ကမ္ဘာ့နာမည်ကျော် တွေနဲ့အတူ တွဲဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။
ဒီမိန်းကလေးတွေ ဂီတ တူရီယာတွေ တီးခတ်ဖို့ စတင် သင်ကြားခဲ့တဲ့ ၂၀၁၆ ခုနှစ်က စပြီး သူတို့ ဘဝတွေကို စောင့်ကြည့်လေ့လာခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကာဝန်း ကာမုရှ် ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးပါမယ်။