ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မျက်ရည်စက်တွေကြားက ဘိုးရင် ၇၄၇ လေယာဉ်ကြီးတွေ ကိုနှုတ်ဆက်
ရေးသားခဲ့သည်။
ထက်ကောင်းကင်ရဲ့ ဧကရီ ကို မနက်ခင်း မိုးရေစက်တွေကြားမှာ မျက်ရည်စက်တွေနဲ ဗြိတိသျှ လေကြောင်းက နှုတ်ဆက်ခွဲခွာခဲ့ပါပြီ။
ဘိုးရင်း ဆဲဗင်းဖိုးဆဲဗင်း လေယာဉ်ကြီးတွေ လန်ဒန် ဟီးသရိုး လေဆိပ်ကနေ နောက်ဆုံးခရီးစဉ် အဖြစ် ပျံသန်းသွားခဲ့ကြပါတယ်။
ခရီးသွားတွေ အကြီးအကျယ် လျော့ပါးလာလို့ နှစ်ပေါင်း ၅၀ ကြာ ပျံသန်းခဲ့ကြတဲ့ ဒီလေယာဉ် ခရီးစဉ်တွေကို မူလ စီစဉ်ထားချိန်ထက် ပိုစောပြီး ရပ်ဆိုင်းလိုက်တာပါ။
လေယာဉ်ကြီးတွေ နောက်ဆုံးပျံသန်းချိန်က ဟီသရိုးလေဆိပ်မှာ ဘီဘီစီကလည်း ရှိနေခဲ့ပါတယ်။
အဲဒီက မြင်ကွင်းကို ကိုဘိုဘိုက ပြောပြပေးပါမယ်။