ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကြိုတင်မကြေညာဘဲ သမ္မတလူကာရှန်ကို ကျမ်းသစ္စာကျိန်
ရေးသားခဲ့သည်။
ဘယ်လာရုစ်နိုင်ငံမှာ နှစ်ရှည်လများ သမ္မတ လုပ်လာတဲ့ အလက်ဇန်ဒါ လူကာရှန်ကိုက ကြိုတင် မကြေညာဘဲ ခြောက်ကြိမ်မြောက် သမ္မတ အဖြစ် ကျမ်းကျိန်ပွဲ အခမ်းအနား ပြုလုပ်နေတုန်းမှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကို အဓိကရုဏ်းရဲတွေက နံပတ်တုတ်တွေ မီးသတ်ပိုက်တွေသုံး ခဲ့အပြီး လူပေါင်း ၂၆၀ ထက်မနည်းကို ဖမ်းဆီးသွားခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ တခုက ပြောပါတယ်။
အီးယူ ဥရောပ သမဂ္ဂ က မစ္စတာ လူကာရှန်ကို ကို ဘယ်လာရုစ်ရဲ့ သမ္မတ အဖြစ် အသိအမှတ် မပြုဘူးလို့ ထပ်မံ ပြောဆိုပါတယ်။
မသီဒါနွယ် ပြောပြပေးပါမယ်။