ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးအရွယ်မှာ အိမ်ထောင်ကျရနိုင်တဲ့ အန္တရာယ် ပိုကြီးလာ
အိန္ဒိယ နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အသက်သေဆုံးမှုတွေ တခြား ထိခိုက်ပျက်စီးမှုတွေ ရှိနေရာမှာ မိန်းကလေးငယ်လေးတွေရဲ့ ဘဝတွေကလည်း အန္တရာယ် ရှိနေကြပါတယ်။
ကလေးအရွယ်မှာ အိမ်ထောင်ကျရနိုင်တဲ့ အန္တရာယ် ပိုကြီးလာပါတယ်။
ကမ္ဘာပေါ်မှာ အိန္ဒိယဟာ မိန်းကလေးတွေ အရွယ်မရောက်ခင် အိမ်ထောင်ကျကြတဲ့ ကလေးသတို့သမီး အများဆုံးနိုင်ငံဖြစ်လို့ ကူညီရေးအေဂျင်စီတွေနဲ့ အစိုးရက သတိပေးတာတွေ ပိုလုပ်နေပါတယ်။
ဒီကနေတဆင့် အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို လူမှောင်ခို လုပ်ခံရမှာလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ဘီဘီစီ သတင်းထောက် ဒီဗီယာ အာယာ Divya Arya ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးပါမယ်။