ကိုရိုနာဗိုင်းရပ်စ် ကိုရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်ကြားက ယီမင်

ရေးသားခဲ့သည်။

ယီမင်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာဟာ ၆ နှစ် တိုင်လာပြီ ဖြစ်ပါတယ်။ အဲဒီ စစ်ကြောင့် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူမှုရေး ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ကြားမှာ အခုတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကိုပါ ထပ်တိုးပြီး ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ လူဦးရေ ၁ သန်းကျော်ရှိတဲ့ နိုင်ငံတောင်ပိုင်းက အေဒင်မြို့မှာဆို တိုက်ပွဲတွေကြောင့် ကိုဗစ်-19 ကို ကိုင်တွယ်ရေးတွေမှာ အဟန့်အတားတွေ ဖြစ်နေပါတယ်။ ဘီဘီစီ အာရပ်ဘာသာ ဌာနက နဝါးလ် အဲလ် မဂ်ဟာဖီ ရဲ့ သတင်းကို မရီရီအောင် က ပြောပြမှာပါ။