ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယက ကိုဗစ်ကြောင့် သေဆုံးသူ ကမ္ဘာမှာ စတုတ္ထ အများဆုံးဖြစ်လာ
ရေးသားခဲ့သည်။
အိန္ဒိယ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်က ယူကေထက် ပိုများသွားပြီး လေးသောင်း ခုနှစ်ထောင်ကျော်သွားပါပြီ။
ဒါကြောင့် တောင်အာရှဒေသက အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ဘရာဇီး၊ မက္ကဆိကို တို့ပြီးရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာပြီး စတုတ္ထ နေရာရောက်လာပါတယ်။
ဒါတောင် အဆိုးရွာဆုံး အချိန် ဘယ်တော့ ရောက်မယ် ဆိုတာ သိနိုင်ဖို့ ခက်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တောင်အာရှဒေသဆိုင်ရာ ဘီဘီစီသတင်းထောက် ရာဂျီနီ ဗိုင်ဒီယာနာသန် ရဲ့ သတင်းကို ကိုကျော်ဇေယျ က ပြောပြပါမယ်။