ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံတဝန်း မွေးမြူရေးခြံတွေထဲမှာ ဝက်ဝံကောင်ရေ ၄၀၀ ကျော် ရှိ
ရေးသားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံမှာ လှောင်ချိုင့်တွေထဲမှာ ထားတဲ့ ရာနဲ့ချီတဲ့ Moon Bears လခြမ်းဝက်ဝံ တွေကို ကယ်ဆယ်ဖို့ တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက သမ္မတကို တောင်းဆိုနေကြပါတယ်။
နိုင်ငံတဝန်း မွေးမြူရေးခြံတွေထဲမှာ ဝက်ဝံကောင်ရေ ၄၀၀ ကျော် ရှိပါတယ်။
ဝက်ဝံအစိတ်အပိုင်းတွေကို ဆေးအဖြစ်သုံးမယ့်သူတွေက သတ်ဖြတ်တာ ခံရဖို့ အဲဒီဝက်ဝံတွေ စောင့်နေကြရပါတယ်။
ဆိုးလ်မြို့တော်က ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာ ပေးပို့တဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြပေးပါမယ်။
စိတ်မချမ်းမြေ့စရာ ပုံရိပ်တွေ ပါဝင်တယ် ဆိုတာ ကြိုတင် အသိပေးပါရစေ။