ကိုရိုနာ ကပ်ဘေးကြောင့် တောင်အာဖရိက ကျန်းမာရေးစနစ် ပြိုလဲနေပြီလို့ ဆရာဝန်တွေနဲ့ သူနာပြုတွေပြော

ရေးသားခဲ့သည်။

တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ်မှာ ကာလကြာရှည် ကျန်းမာရေးစနစ် ယိုယွင်းပျက်စီးနေခဲ့တယ်ဆိုတာ ဘီဘီစီရဲ့ စုံစမ်းမှု အရ သိရှိလာရပါတယ်။

အလုပ်သမားတွေက သပိတ်မှောက်နေတာ၊ ဒါမှမဟုတ် ကိုဗစ်နိုင်တင်းကြောင့် နေမကောင်းတာတွေဖြစ်နေတဲ့အတွက် သူနာပြုတွေက သန့်ရှင်းရေးလုပ် နေကြရပါတယ်။

လူနာတွေ ပြည့်သိပ်နေပြီး ဝန်ထမ်းမလုံလောက်တဲ့ ဆေးရုံ အဆောင်ထဲမှာ ကလေးငယ်တွေ မွေးမလာသေးခင် သေဆုံးနေကြရတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ကျန်းမာရေးစနစ် ပြိုလဲနေပြီလို့ ပြည်နယ်တွင်းက ဆရာဝန်တွေနဲ့ သူနာပြုတွေက ပြောပါတယ်။

တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တရှိန်တိုး မြင့်တက်လာနေပြီး လောလောဆယ် တစ်နေ့ကို ကူးစက်သူ အသစ် တစ်သောင်းကျော် ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် အန်ဒရူးဟာဒင်း ပေးပို့တဲ့ သတင်းကို ကိုတင်အောင်ကျော် ပြန်ပြောပြပေးပါမယ်။