ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်နေ့ အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး လက်ခံနေ
ရေးသားခဲ့သည်။
ကိုဗစ်ကပ်ရောဂါကြား ခပ်ခွာခွာနေရမယ့် စည်းကမ်းအသစ်တွေနဲ့အတူ ပုံမှန်ကျောင်းဖွင့်ချိန်ထက် နှစ်လ နောက်ကျပြီးမှ ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းအဆင့်က စပြီး ကျောင်းတွေပြန်ဖွင့်ပါတော့မယ်။
ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်နေ့ အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး စတင်လက်ခံနေပြီလည်း ဖြစ်ပါတယ်။
ကျောင်းတွေမှာ ကိုဗစ်ကြောင့် ဘာတွေပြောင်းလဲသွားပါသလဲ၊ ဘယ်လိုပုံစံနဲ့ ကျောင်းတက်ကြရမှာပါလဲ။
ဘီဘီစီသတင်းထောက် မဝင်းစန္ဒာဦးက ရန်ကုန်မြို့ ဒဂုံ ၁ အထက်တန်းကျောင်း ကနေ သတင်းပေးပို့ ထားပါတယ်။