ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် ကပ်ဘေး ကာလ တစ်လျှောက် စင်ကာပူပြည်သူတွေကို ကူညီဖို့ အစိုးရက ငွေအမြောက်အမြား သုံးစွဲခဲ့
ရေးသားခဲ့သည်။
ကိုဗစ်နိုင်တင်းကာလမှာ ရွေးကောက်ပွဲ ကျင်းပမယ့် အာရှတိုက်က နိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက ဒုတိယမြောက် နိုင်ငံအဖြစ် ဒီတစ်ပတ်ထဲမှာ ပါဝင်လာပါတယ်။
လက်ရှိ အာဏာရ People's Action Party ဦးဆောင်တဲ့ အစိုးရက ကိုဗစ် ကပ်ဘေး အကျပ်အတည်းကာလ တစ်လျှောက် စင်ကာပူပြည်သူတွေကို ကူညီဖို့ အမြောက်အမြား သုံးစွဲခဲ့ပါတယ်။
ဒါပေမဲ့ အခုလို ကာလမျိုးမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်ရတာ အရင်လို ပုံစံမျိုး မဟုတ်လေတော့ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီ အကြီးအကျယ် အောင်ပွဲခံနိုင်ပါ့မလား ဆိုတာကတော့ မသေချာလှပါဘူး။
မသီဒါနွယ်က ပြောပြပေးပါမယ်။