ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ဦးရေ အကြီးအကျယ် များလာ
ရေးသားခဲ့သည်။
တောင်အာဖရိက နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အကြီးအကျယ် များလာတယ်လို့ အစိုးရက သတိပေးနေပါတယ်။
ဝက်စတန်ကိပ် ပြည်နယ်မှာ အများဆုံး ကူးစက်မှု ရှိတာတွေ့ရ ပါတယ်။
အထူးသဖြင့် ကိပ်တောင်း မြို့ဝန်းကျင်က ဆင်းရဲသားတွေ နေတဲ့ မြို့နယ်တွေမှာ ကူးစက်မှုများတာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းထောက် အန်ဒရူး ဟာဒင်း ပေးပို့တဲ့ သတင်းကို ကိုကျော်ဇေယျ ပြောပြပေးပါမယ်။