ဖားကန့် ကျောက်စိမ်းမြေက မတော်တဆမှုတွေ ကာကွယ်ဖို့ ပြည်နယ် အစိုးရ ဘာလုပ်မလဲ

ရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျောက်စိမ်းလုပ်ကွက်မှာ ဇူလိုင် ၂ ရက်နေ့က တောင်ကမ်းပါးနဲ့ မြေပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့ အလောင်း ၁၇၂ လောင်းကို ရှာတွေ့ထားပြီလို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

ပြိုကျချိန်က ရေမဆေးကျောက်သမား နှစ်ရာကျော်လောက် အဲဒီနေရာမှာ ရှိနေခဲ့တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုနေပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။

လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့ရတဲ့ ဒီဖြစ်ရပ် အပါအဝင် ကျောက်စိမ်းမြေက မြေပြိုမှုတွေနဲ့ပတ်သက်လို့ ပြည်နယ် အစိုးရ အနေနဲ့ ဘယ်လိုကိုင်တွယ် ဆောင်ရွက်နေပါသလဲ။

ကိုကျော်ဇေယျက ပြောပြပေးမှာပါ။