ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေက တရားဝင် ထုတ်ပြန်ထားတာထက် ပိုများနေ

ရေးသားခဲ့သည်။

ကိုဗစ် နိုင်တင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ လေးသိန်း လေးသောင်းကျော်ရှိတယ်လို့ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းအပြင် စာရင်းထဲ မဝင်တဲ့ သေဆုံးသူတွေက နောက်ထပ် တစ်သိန်း သုံးသောင်းကျော် ထက်မနည်း ရှိနေတယ်လို့ ဘီဘီစီက လေ့လာ သိရှိရပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ ပဏာမ ကောက်ယူခဲ့တဲ့ သေဆုံးသူ အရေအတွက် စာရင်းကို ပြန်လည် သုံးသပ်ပြီး သိရှိလာရတာဖြစ်ပါတယ်။

ဒီတော့ စာရင်းပျောက်နေတဲ့ သေဆုံးသူ အရေအတွက်က သာမန်ထက် ပိုများနေတဲ့ အတွက် ဗိုင်းရပ်စ်ကြောင့် လူတွေကို ထိခိုက်မှု ဟာ အစိုးရတွေ ထုတ်ပြန်ထားတာထက် အများကြီး ပိုတယ် ဆိုတာ ဖော်ပြနေပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ၊

မသီဒါနွယ်ပြောပြပေးပါမယ်။