ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲတွေကြောင့် ပြည်သူတွေ စစ်ဘေး သင့်နေ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်ဆလင် ရိုဟင်ဂျာတွေ ထောင်နဲ့ ချီသေဆုံးရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီထွက်ပြေးခဲ့ကြရတဲ့ တပ်မတော် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ဆောင်ရွက်ပြီး သုံးနှစ် အကြာမှာ ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ် သင့်နေပြန်ပါတယ်။
ဒီတခါတော့ အစိုးရအနေနဲ့ ပြည်နယ်ထဲက ရခိုင်အသိုင်းအဝိုင်းရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာပါ။
မြန်မာ့တပ်မတော်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ မကြာသေးခင်ကမှ ဖွဲ့စည်းခဲ့တဲ့ အာရကန် အာမီ အေအေ လက်နက်ကိုင် အဖွဲ့ကို ထောက်ခံကြသူတွေကြောင့် မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အကြောင်း ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက် ပေးပို့တဲ့ သတင်းကို ကိုဘိုဘို က ပြန်ပြောင်း ပြောပြပေးပါမယ်။
ဒီသတင်းမှာ ပါတဲ့ ပုံရိပ်တချို့မှာ စိတ်မချမ်းမြေ့စရာ ပါနိုင်တယ် ဆိုတာကြိုတင် အသိပေးပါရစေ။