ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သေနတ်သမားတွေ တိုက်ခိုက်လို့ အပြစ်မဲ့ ကလေးတွေထိခိုက်၊ မိခင်တွေအပါအဝင် လူ ၂၄ ယောက်သေဆုံး၊
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရ အာဏာမျှဝေရေး သဘောတူညီချက်တစ်ရပ် ရခဲ့ချိန်မှာပဲ တိုင်းပြည်မှာ တုန်လှုပ်စရာအကောင်းဆုံး တိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဒဏ်ခံခဲ့ရတဲ့ မိသားစုတွေအားလုံး ပြန်လည် ဆုံဆည်းနိုင်ကြစေဖို့ ဆရာဝန်တွေ မျှော်လင့်နေကြပါတယ်။
ကာဘူးလ်မြို့တော်က သားဖွားဆောင်ကို သေနတ်သမားတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် မိခင် ၁၆ ယောက် အပါအဝင် လူပေါင်း ၂၄ ယောက် သေဆုံးခဲ့ပါတယ်။
ကိုသိမ်းမြတ် ပြောပြပေးပါမယ်။