ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝူဟန်က မပြန်နိုင်တဲ့ ပါကစ္စတန်များ
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ သီတင်းပတ် တွေအတွင်းမှာ ကမ္ဘာ့နိုင်ငံတော်တော်များများက ရောဂါကူးစက်မှု စတင်ခဲ့တဲ့ ဝူဟန်မှာ ရောက်နေကြတဲ့ သူတို့ နိုင်ငံသား တွေကို ပြန်လည် ခေါ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်နဲ့ စီးပွားရေး နိုင်ငံရေး ကူးလူးဆက်နွယ်မှုတွေရှိတဲ့ ပါကစ္စတန်ကတော့ ပြန်လည် ခေါ်ယူဖို့ မလုပ်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း ဝူဟန်မှာ ရောက်နေကြတဲ့ ပါကစ္စတန် ကျောင်းသား ၅၀၀ နီးပါးရဲ့ မိသားစု ဆွေးမျိုးတွေအကြား မကျေနပ်မှုတွေ ရှိနေပါတယ်။
ကိုမိုးမြင့်က ပြောပြမှာပါ။