ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
WHO အကြီးအကဲက ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်နေပြီလို့ ပြော
ရေးသားခဲ့သည်။
သေဆုံးသူ နေ့စဉ်တိုးလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တညီတညွတ်တည်း မဟာဗျူဟာ ချမှတ်နိုင်ဖို့ ရာနဲ့ချီတဲ့ ကမ္ဘာ့ဆေးသိပ္ပံ ပညာရှင်တွေ ဂျနီဗာမှာ ဆွေးနွေး နေကြပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်နေပြီလို့ ပြောပါတယ်။
သေဆုံးသူ တစ်ထောင်ကျော်သွားပြီလို့ တရုတ် အရာရှိတွေ ပြောလိုက်ချိန်မှာ ဒီဆွေးနွေးမှု ဖြစ်လာတာပါ။
ရောဂါကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ တရုတ်ထိပ်တန်း အရာရှိ အတော်များများလည်း ရာထူးဖယ်ရှားခံကြရပါတယ်။
အပြည့်အစုံကို ကိုထွေးက ပြောပြပေးပါမယ်။