ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Spitfire နဲ့ ကမ္ဘာပတ်သူများ
ရေးသားခဲ့သည်။
ဗြိတိသျှ လေယာဉ်မှူး နှစ်ဦးက ဒုတိယ ကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ Spitfire တိုက်လေယာဉ်နဲ့ ပထမဆုံးအကြိမ် ကမ္ဘာကို အောင်မြင်စွာ ပတ်ပြနိုင်ခဲ့ပါတယ်။
၁၉၄၃ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဒီ Spitfire လေယာဉ်ရဲ့ အခုနောက်ဆုံး ခရီးစဉ်ဟာ အင်္ဂလန်တောင်ပိုင်းက West Sussex မှာ စခဲ့ပြီး အဲဒီမှာပဲ အဆုံးသတ်ခဲ့တာပါ။
လေယာဉ်မှူးတွေ ဖြစ်ကြတဲ့ Steve Brooks နဲ့ Matt Jones တို့ဟာ ၄ လကြာ ကမ္ဘာပတ်ခဲ့ကြပြီး နိုင်ငံပေါင်း ၃၀၊ နေရာဒေသပေါင်း ၁၀၀ ကျော်မှာ ရပ်နားခဲ့ကြပါတယ်။
ကိုအောင်သွင်က ဆက်ပြောပြမှာပါ။