အီရတ်က အမေရိကန်စခန်းတွေကို ဒုံးကျည်တွေနဲ့ အီရန်ပစ်ခတ်

ရေးသားခဲ့သည်။

အီရန်က သူတို့ရဲ့ ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ အမေရိကန် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရတ်နိုင်ငံအတွင်းက အမေရိကန် လေတပ် အခြေစိုက်စခန်း တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်နဲ့ အီရတ် စစ်ဘက်က စစ်စခန်း ၂ ခုကို ပစ်မှတ်ထားပြီး ဒုံးကျည် တဒါဇင်လောက်နဲ့ ပစ်ခတ် ခံခဲ့ရတယ်လို့ ပြောပါတယ်။ အသေအပျောက် ရှိသလား ဆိုတာကိုတော့ မသိရသေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကလည်း ဒါနဲ့ ပတ်သက်လို့ အိမ်ဖြူတော်မှာ မိန့်ခွန်း ပြောကြားဖို့ ရှိနေပါတယ်။ ကိုထက်အောင်က ဆက်ပြောပြမှာပါ။