သြစတေးလျ တောမီး အခြေအနေ ပိုဆိုးလာ

ရေးသားခဲ့သည်။

သြစတြေးလျ အနှံ့အပြားမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ အခြေအနေ ပိုဆိုးလာနေတာကြောင့် ဗစ်တိုးရီးယား ပြည်နယ်ထဲမှာ မီးဝိုင်းသလို ဖြစ်နေတဲ့ လူ ၄၀၀၀ လောက်ကို ကယ်ထုတ်နိုင်ဖို့ စစ်တပ်က ပြင်ဆင်နေပါတယ်။ အနီးက အိမ်နီးချင်း နယူး ဆောက်သ်ဝေးလ် ပြည်နယ်ထဲမှာလည်း အာဏာပိုင်တွေက လိုအပ်မယ့် လမ်းတွေ ပိတ်ပြီး လူတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ခိုင်းနိုင်ဖို့ အတွက် အရေးပေါ် အခြေအနေ ၇ ရက် ကြေညာထားပါတယ်။ အဲဒီမှာ စနေနေ့ရောက်ရင် တောမီး အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီက ခရီးသွားတွေ ထွက်သွားဖို့ ဇုန်ကိုလည်း နယူးဆောက်သ်ဝေးလ် ကမ်းရိုးတန်းမှာ ဘိတ်မန်းစ်ကနေ ဝမ်ဘွင်း အထိ ကီလိုမီတာ ၁၈၀ သတ်မှတ်ထားပြီ ဖြစ်ပါတယ်။ တနင်္လာနေ့က စလို့ မီးကောင့် သေဆုံး ခဲ့ရသူပေါင်း ၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ကိုဘိုဘိုက ဆက်ပြောပြမှာပါ။