ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂရိနိုင်ငံ အီဂျီးယန် ကျွန်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး အခြေအနေ ဆိုးရွား
စစ်မက်ဖြစ်ရာနိုင်ငံတွေက ဒုက္ခသည်တွေ တရှိန်တိုး ဝင်လာနေတဲ့ ဂရိနိုင်ငံ အီဂျီးယန် ကျွန်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့က ပြောပါတယ်။
လူနှစ်ထောင် လောက်သာ နေရမယ့် လက်စ်ဘော့ စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေ အပါအဝင် လူ တစ်သောင်းရှစ်ထောင် ပြွတ်သိပ် နေကြရပါတယ်။
အတော်များများက အဲဒီမှာ လနဲ့ချီ နေကြရပြီး ဒုက္ခသံသရာ လည်နေကြရတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ က ပြောပါတယ်။
ဇေနပ်ဘ်ကိုတော့ ဘီဘီစီက ရုပ်မြင်သံကြား ရိုက်ကူးပြီးနောက်ပိုင်း လက်စ်ဘော့စ်က ပိုသင့်တော်ကောင်းမွန်တဲ့ နေရာကို ပြောင်းပေးလိုက်ပါတယ်။
ဘီဘီစီ ကျန်းမာရေးရာ သတင်းထောက် ကျူးလစ် မာဇွမ်ဒါရဲ့ အထူး သတင်းလွှာကို မသီဒါနွယ် ပြောပြပေးပါမယ်။